ပေါက်ခေါင်းမြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 18,2023
ကျေးလက်တောင်သူများနှင့် ပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များ အလွယ်တကူသွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာများ၌ ကုန်ထုတ်လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် လမ်းပိုင်းကြံ့ခိုင်မှုအခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။