သတင်းများ

ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်
Oct 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၁၀နာရီအချိန်က ပင်လုံမြို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Oct 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှား အမှန်ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး ရေးသားသည့် “လူ့ဘဝတိုးတက်ရာတိုးတက်ကြောင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးလျက်ရှိ
Oct 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Libraryစနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က မိုင်းစံမြို့ အ-ထ-ကကျောင်းသို့ ငှားရမ်းပေးလျက်ရှိသည်။
ပခုက္ကူမြို့နယ်တွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 20,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်အတွင်း အမျိုးသမီးငယ်များအား ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြေအောက်ကူးလူးသွားဥမင် (Under pass) တည်ဆောက်ခြင်း မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ
Oct 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ဦးဝိစာရလမ်း၊ ပြည်သူ့ရင်ပြင်တွင် ယမန်နေ့နံနက် (၇) နာရီအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြေအောက်ကူးလူးသွားလာဥမင် (Under pass) တည်ဆောက်ခြင်းမြေသန့်မင်္ဂလာအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးမှူးနှင့် ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်၍ ဆရာတော်အရှင်သူမြတ်များထံမှ တရားတော်များနာယူကြည်ညိုခြင်းနှင့် ဆရာတော်များက ပရိတ်တရားတော်များရွတ်ဖတ်ခြင်း၊ ကမ္မဝါဖတ်ခြင်းတို့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လားရှိုးမြို့တွင် MPT ၏ (၁၂)ကြိမ်မြောက်အဖြစ် စေတနာသွေးလှူရှင်များမှ စုပေါင်း သွေးလှူဒါန်း
Oct 20,2023
လားရှိုးမြို့တွင် MPT ၏ (၁၂)ကြိမ်မြောက် စေတနာသွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လားရှိုးမြို့ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ပြုလုပ်ခဲ့သည်။
နောင်တရားမြို့အဝင်၌ ယာဉ်မောင်းများအတွက် လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Oct 20,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အဝင်၌ လမ်းဦးစီးဌာနမှ စက်တပ်မော်တော်ယာဉ်မောင်းများအတွက် လမ်းစည်းကမ်းသိရှိလိုက်နာဆောင်ရွက်နိုင်ရေး လမ်းစည်းကမ်းအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက နောင်တရားမြို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်သည်။
မင်းလှမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ စိုက်ထူခြင်း ဆောင်ရွက်
Oct 20,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးလမ်းညွှန်များ လမ်းအမှတ်အသားများနှင့် အချက်ပြများစိုက်ထူဆောင်ရွက်ခြင်းကို မင်းလှ-မင်းဘူးလမ်း၊ မင်းလှ-သရက်လမ်းတို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်း‌အောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။