သတင်းများ

ပေါင်းတည်၌ ​ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
Oct 20,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် ဘိုးသာအောင်ကုန်းကျေးရွာအုပ်စုနှင့် မကြီးပင်ကျေးရွာအုပ်စုများသို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေရေးစီမံကိန်း၏ လူမှုတာဝန်ယူမှုမှ ပေးအပ်လှူဒါန်းသော ဂါလံ ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန်များ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Oct 20,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာအုပ်စု အင်းမကျေးရွာတွင် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေရေး စီမံကိန်း၏လူမှုတာဝန်ယူမှု (Corporate Social Responsibility – CSR) မှ ပေးအပ်လှူဒါန်းသော ဂါလံ ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန်များ လွဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က အင်းမကျေးရွာတွင် ကျင်းပခဲ့ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
ကဝမြို့နယ်ရုံး လုထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လုထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း (Book Club)တို့ပူးပေါင်း၍ စာ‌ရေးဆရာဖေမြင့်၏ "ပြောတတ်၊ ဆိုတတ်၊ ပေါင်းသင်းတတ်တဲ့သူ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေး‌နွေးပွဲကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
တာချီလိတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်
Oct 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက စာရေးဆရာမ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်း”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲသို့ ရခိုင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ပွဲတက်ရောက်
Oct 20,2023
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲသို့ ရခိုင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များထံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အနုပညာရှင်များ၊ ဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။
ညောင်ဦးခရိုင်တွင် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၂၆၆၄၄ ဦးဆောင်ရွက်ပြီးစီး
Oct 20,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် အောက်တိုဘာ ၂၀ ရက်ထိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၂၆၆၄၄)ဦးထိ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ပြီးကြောင်း သိရသည်။
​​​​​​​ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်
Oct 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှု” စာအုပ်ဖြင့်  အောက်တိုဘာ ၂၀ ရက်က စာဖတ်ဝိုင်း ပြုလုပ်သည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်များ လှူဒါန်းပွဲကျင်းပ
Oct 20,2023
ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှလှူဒါန်းသည့် စာအုပ် စာစောင်များနှင့် အလှူရှင်များမှ လှူဒါန်းထားသည့် စာအုပ်များအား ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်နှစ်တိုက်တို့အား ပြန်လည်၍ ပေးအပ်လှူဒါန်းပေးခြင်း အခမ်းအနားကို အောက်တိုဘာလ (၂၀)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။