သတင်းများ

၃၂ ကြိမ်မြောက် အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် မဟာပဋ္ဌာန်း စတင်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Dec 23,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် ၁၃၈၅ ခုနှစ်၊ နတ်တော် လဆန်း(၁၀)ရက်၊ ဒီဇင်ဘာ ၂၂ ရက်နေ့ ယမန်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ မဟာပဋ္ဌာန်းရွတ်ဖတ်ကာ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ
Dec 23,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ကလောမြို့နာရီစင်၌ စုရပ်ပြုလုပ်၍ စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
မွန်ပြည်နယ်  ဒီဇင်ဘာလူထု အားကစားလ(စတုတ္ထအပတ်) စုပေါင်း လမ်းလျှောက်ပွဲဆင်နွှဲ
Dec 23,2023
ားကစား လေ့ကျင့်နည်း အမျိုးမျိုးရှိသည့်အနက် “လမ်းလျှောက်ခြင်း”သည် အရွယ်သုံးပါးမရွေး လုပ်ဆောင်သင့်သည့် လေ့ကျင့်ခန်း အမျိုးအစားဖြစ်သည့်အားလျော်စွာ၊ မွန်ပြည်နယ်အတွင်း ပြည်သူများ လမ်းလျှောက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂၃ ရက်နေ့နံနက်ပိုင်းကဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရေစကြိုမြို့နယ် မူလတန်းကြိုကျောင်းတွင် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Dec 23,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့နယ် မူလတန်းကြိုကျောင်းတွင် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ(စတုတ္ထပတ်)နှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်
Dec 23,2023
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်၊ လူတဦးချင်းစီမှအစပြု၍ တမျိုးသားလုံးကျန်းမာကြံခိုင်စေရေးနှင့် မြန်မာ့အားကစားလောကအဆင့် တိုးတက်မြင့်မားရေးအတွက် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု(စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၅ နာရီက မြို့လယ်လေးလမ်းဆုံစုရပ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်း​​တောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ(စတုတ္ထ)ပတ် လူထုလမ်းလျှောက်ပွဲ ပြုလုပ်
Dec 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒီဇင်ဘာ(စတုတ္ထ)ပတ် အားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်း‌လျှောက်ပွဲကို ဒီဇင်ဘာလ၂၅ရက် နံနက် ၅ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ လွပ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လွပ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်ဖြူ သတ်မှတ်လျာထားဧက စိုက်ပျိုးပြီးစီး
Dec 23,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကြက်သွန်ဖြူစိုက်ပျိုး ခြင်းကို သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။