ပြည် ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က ဒီဇင်ဘာလ(စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းအောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ်အဆင့် ဌာနပေါင်းစုံမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ယင်းသို့ဆင်နွှဲရာတွင် မြို့လယ်ဗိုလ်ချုပ်ကျောက်ရုပ်မှ လမ်းရှည်လမ်း၊ ရွှေတစ်ချောင်းလမ်းနှင့် လမ်းမတော်လမ်းအတိုင်း ကမ်းနားလမ်းပန်းခြံအထိ စုပေါင်းလမ်းလျှောက်ကြပြီး ပန်းခြံရှေ့၌ သွေးပူလေ့ကျင့်ခန်းများနှင့် ကိုယ်လက်လှုပ်ရှား Fitness Dance အကများ စုပေါင်းလုပ်ဆောင်၍ ပျော်ရွှင်စွာဆင်နွှဲကြကာ ပါဝင်ဆင်နွှဲသူများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ နံနက်စာ ကောက်ညှင်းပေါင်း ဝေငှပေးကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)