သတင်းများ

မိုင်းဖြတ်မြို့နယ်၌ (၃၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Oct 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၃၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပသွားမည်ဖြစ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Oct 20,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများအား ယမန်နေ့နေ့လယ်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Oct 20,2023
ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး၊ အမျိုးသမီးများ အိုမကွာအိမ်မကွာဖြင့် ဝင်ငွေရှာဖွေနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက သနပ်ပင်မြို့နယ် ဖရဲစံပြကျေးရွာ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း၌ အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ညောင်ဦးမြို့နယ် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချ
Oct 20,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပြည်သူများသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခဲ့ရာ အောက်တိုဘာ ၂၀ ရက်နေ့တွင် စားအုန်းဆီ ၁၁၀၀၀ ပိဿာရောင်းချပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၃၈၃ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Oct 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၃၈၃) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
ပြည်မြို့နယ်တွင် ဆောင်းသီးနှံပန်းတိုင် အထွက်နှုန်းပြည့်မီကျော်လွန်စေရေး မြေပဲ၊ မတ်ပဲနှင့်ပဲတီစိမ်း မျိုးသန့်၊ မျိုးကောင်းများ တောင်သူများထံ ထောက်ပံ့ပေးအပ်
Oct 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံပန်းတိုင် အထွက်နှုန်းပြည့်မီကျော်လွန်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ မြေပဲ၊ မတ်ပဲနှင့်ပဲတီစိမ်းသီးနှံ အထွက်ကောင်း မျိုးသန့်၊ မျိုးကောင်းများအား တောင်သူများထံ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇီးအုပ်တောင်သူပညာပေးရှေ့တန်းစခန်း၌ ကျင်းပသည်။
ရွှေပြည်သာမြို့နယ်၌ လယ်ယာမြေဥပဒေအကြောင်းအသိပညာပေးရှင်းလင်းပွဲနှင့်‌ တောင်သူနည်းပညာပေးဆွေးနွေးပွဲကျင်းပ
Oct 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ တောင်သူများအား လယ်ယာမြေဥပဒေအကြောင်းအသိပညာပေးးရှင်းလင်းပွဲနှင့်‌ တောင်သူနည်းပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယ‌နေ့နံနက်(၁၀)နာရီတွင် အမှတ်(၂၁)ရပ်ကွက်(မြကျွန်းသာ)ကျေးရွာစာကြည့်တိုက်၌ ကျင်းပကြောင်း သိရသည်။
စျေးကွက်ဝင် နှစ်ရှည်သီးနှံကွမ်းသီးပင်များ စီပွားဖြစ်စိုက်ပျိုးသူများ စျေးကောင်းရရန် မျှော်လင့်
Oct 20,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စျေးကွက်ဝင်နှစ်ရှည်သီးနှံပင်ဖြစ်သည့် ကွမ်းသီးပင်များအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။