တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade-5 (မြို့နယ်အဆင့်) နောက်ဆက်တွဲ သင်တန်း ဖွင့်လှစ်

တန့်ယန်း ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သင်ရိုးသစ် Grade-5 (မြို့နယ်အဆင့်) နောက်ဆက်တွဲ သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်း ဖွင့်လှစ်ခြင်းတွင် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက အဖွင့်မိတ်ဆက်အမှာစကား ‌ပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဆရာ ဆရာမ (၃)ဦးတို့က ဆက်လက် ပို့ချကြရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမ (၅၁)ဦး တက်ရောက်ကြပြီး သင်တန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)