သတင်းများ

မြောင်းမြမြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှု အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Dec 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြို့မစျေးတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှု အသိပညာပေးမှုကို ယနေ့နံနက် ၉:၀၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် UCMAS World Cup ပြိုင်ပွဲတွင် Silver Prize နှင့် International Competition Category I တွင် Third Runner Up Prize ရရှိခဲ့သူအား ကြိုဆိုဂုဏ်ပြုပွဲကျင်းပ
Dec 24,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ ပညာရေးဌာနနှင့် UCMAS တို့ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် UCMAS World Cup ပြိုင်ပွဲတွင် Silver Prize နှင့် International Competition Category I တွင် Third Runner Up Prize ရရှိခဲ့သော သားမောင်ကောင်းခန့်သော်အား ကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့တွင် အမှတ်(၁)အခြေခံပညာအထက်ကျောင်း၊ ပေလေးပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့် (နောက်ဆက်တွဲ) ဆင့်ပွားသင်တန်းဖွင့်လှစ်
Dec 24,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ဒီဇင်ဘာ(၂၃) ရက်နေ့မှစတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  ဆောင်ရွက်လျက်ရှိသော မွေးမြူရေးလုပ်ငန်းများတိုးတက်မှုကွင်းဆင်းစစ်ဆေး
Dec 24,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  ဆောင်ရွက်လျက်ရှိသော မွေးမြူရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံပြည်သူများ အပန်းဖြေလည်ပတ်နိုင်ရေး နောင်တာလောရေလယ်ကျွန်းပေါ်တွင် သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းအား ဒုတိယအကြိမ် ဖွင့်လှစ်ပေး
Dec 24,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ သဘာဝတောတောင်ရေမြေကိုအခြေခံသည့် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသသစ်များကို စီမံဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နောင်တာလောကျေးရွာအုပ်စုပိုင် ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်း(သဲသောင်ပြင်)ပေါ်တွင် သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းကို ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီက ဒုတိယအကြိမ် ဖွင့်လှစ်ခဲ့သည်။
ပခုက္ကူမြို့၌ ဆေးနှင့်ဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချနေမှုရှိ/မရှိ ရှောင်တခင်စစ်ဆေး
Dec 24,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆေးအရောင်းဆိုင်များ၌ ပြည်သူများဝယ်ယူသုံးစွဲလျက်ရှိသော နေ့စဉ်သုံးဆေးနှင့်ဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချနေမှုရှိ/မရှိအခြေအနေတို့ကို ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။
ဘားအံမြို့၌ ICT သင်ထောက်ကူအဖြစ် လက်တွေ့အသုံးပြုနည်းသင်တန်းဖွင့်လှစ်
Dec 24,2023
ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ကျောင်းသင်ခန်းစာများ သင်ကြားရေးတွင် ICT ပစ္စည်းများနှင့်နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်စေရန်၊ သင်ကြားသင်ယူမှု ပိုမိုမြန်ဆန်ထိရောက်လာစေရန် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများကို ဖျော်ဖြေမှုအတွက်သာမက သင်ကြားသင်ယူမှုပစ္စည်းအဖြစ် အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ICT သင်ထောက်ကူအဖြစ် လက်တွေ့အသုံးပြုနည်းသင်တန်းကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဒီဇင်ဘာလ(၂၂)ရက်နေ့မှစတင်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိပညာပေးသင်တန်းဆင်းပွဲကျင်းပ
Dec 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နှင့်ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာအလေ့အကျင့်ကောင်းများ အသိပညာပေးသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပင်စုံကျေးရွာအုပ်စု၊ ထီတမောင်းကျေးရွာဓမ္မာရုံတွင်ကျင်းပခဲ့သည်။