သတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 25,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇလွန်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုအားကြည့်ရှုစစ်ဆေး
Dec 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ဇလွန်မြို့နယ် မဟာသာကျေးရွာအုပ်စု မဟာသာ ကျေးရွာရှိ တောင်သူ ဦးဟန်မင်းစိုး၏ ကွင်းအမှတ် (၁၆၅၄) ဦးပိုင်အမှတ် (၂၇/၇)တွင် ပိုက်ဆံလျှော် မျိုးစေ့ထုတ် စိုက်ခင်း (၃.၀၇) ဧကစိုက်ပျိုးထားမှု၊ ပြင်ရွာကျေးရွာအုပ်စု၊ ပြင်ရွာ ကျေးရွာရှိ တောင်သူ ဦးသောင်းကြည်၏ ကွင်းအမှတ် (၁၆၅၅)၊ ဦးပိုင်အမှတ် (၄/၄)တွင် မှော်ဘီ (၃) နွေစပါး (Seeder) စံပြစိုက်ခင်း (၅) ဧကစိုက်ပျိုးနေမှု၊ ကော့ကပ်ကလေး ကျေးရွာအုပ်စု၊ ကော့ကပ်ကလေး ကျေးရွာတွင် တောင်သူ ဒေါ်အေးကြိုင်၏ ကွင်းအမှတ် (၁၆၄၄) တွင် ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ခင်းဧက (၅) ဧက စိုက်ပျိုးထားမှု စိုက်ခင်းအား ကြည့်ရှု အားပေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မက်မန်းမြို့၌ ခရစ်စ္စမတ်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် ပြိုင်ပွဲများကျင်းပ
Dec 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ ကွန်ဟောင်းကျေးရွာ၌ ခရစ်စ္စမတ်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့မစည်ပင်သာယာ‌ဈေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Dec 25,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး‌အဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ထိခိုက်မှုကင်းဝေးစေရန်နှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ကင်းစင်ပပျောက်စေရန် ရည်ရွယ်၍ ပလတ်စတစ်ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးတွင် ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ခရိုင်ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲတက်ရောက်
Dec 25,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ကော်ပိုရေးရှင်း အများနှင့် သက်ဆိုင် သော ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြိတ်ခရိုင် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ကြံခင်းမြို့နယ် သန့်ရှင်းသာယာလှပစေရေး ပလတ်စတစ် Campaign ပြုလုပ်
Dec 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်စေရန် ရည်ရွယ်ပြီး ပလတ်စတစ် Campaign ကို မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများက ယမန်နေ့နံနက် (၈)နာရီအချိန်တွင် ကြံခင်းမြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Dec 25,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ဘားအံ မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
သထုံမြို့ သုဝဏ္ဏဘူမိ ဘိုးဘွားရိပ်သာ ရာပြည့်ပွဲတော်အခမ်းအနားကျင်းပ
Dec 25,2023
မွန်ပြည်နယ်၊ သထုံမြို့၊ သုဝဏ္ဏဘူမိဘိုးဘွားရိပ်သာ တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရာပြည့်ပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်က နန်းခဲရပ်ကွက်၊ မြသပိတ်တောင်ခြေရှိ သုဝဏ္ဏဘူမိဘိုးဘွားရိပ်သာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။‌