ရွှေဘိုသူနာပြုသင်တန်းကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Oct 20,2023
နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ ကျောင်းသား/ ကျောင်းသူများ အနေဖြင့် ကျောင်းစာပြင်ပ စာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်စေရေး ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေဘိုသူနာပြုသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန် ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရွှေဘိုသူနာပြုသင်တန်းကျောင်း သပြေညို ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။