ကြို့ပင်ကောက် ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ အ.ထ.က(ကြို့ပင်ကောက်)ကျောင်းတွင် မြို့နယ်လုံးကျွတ်မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မြတ်ဆရာပူဇော်ပွဲအခမ်းအနားတွင် အငြိမ်းစားအထက်တန်း၊ အလယ်တန်း၊ မူလတန်းဆရာကြီး ဆရာမကြီးများအား တပည့်များက ပူဇော်ကန်တော့၍ ကန်တော့ပစ္စည်းများ လက်ရောက်ပေးအပ် ကန်တော့ခဲ့ကြပြီး ဆရာကြီး၊ ဆရာမကြီးများ၏ ဆုံးမဩဝါဒများကို နာခံခဲ့ကြသည်။
ကြို့ပင်ကောက်မြို့ (၂၃)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲတွင် အသက် ၆၀ နှင့် ၇၄ နှစ်ကြား ဆရာကြီး၊ ဆရာမကြီး ၄၄၉ ဦး၊ အသက် ၇၅ နှင့် ၈၅ နှစ်ကြား ဆရာကြီး၊ ဆရာမကြီး ၉၉ ဦးနှင့် အသက် ၈၆ နှစ်အထက်ဆရာကြီး၊ ဆရာမကြီး ၁၁ ဦး စုစုပေါင်း ဆရာကြီး၊ ဆရာမကြီး ၅၅၉ ဦးတို့အား တပည့်များမှ ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)