ပူတာအိုခရိုင်၌ ၂၀၂၃-ခုနှစ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ပူတာအို ဒီဇင်ဘာ ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်သော ဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ၂၀၂၃-ခုနှစ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီခွဲက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်းစုရပ်မှ စတင်ကျင်းပသည်။

စုပေါင်းလူထုလမ်းလျှောက်ပွဲတွင် ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အားကစားဝါသနာရှင်ပြည်သူ စုစုပေါင်းအင်အား (၃၀၀)ကျော်တို့က စုရပ်ဖြစ်သည့် ခရိုင်ပြည်သူ့အားကစားကွင်းမှတဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း ခရိုင်ပြန်/ဆက်လမ်းဆုံ၊ ခရိုင်ပြန်/ဆက်လမ်းဆုံမှတဆင့် အ.ထ.က(ပူတာအို)ကျောင်းလမ်းမကြီးအတိုင်း ဖုန်ကန်ရာဇီခန်းမလမ်းဆုံ၊ ဖုန်ကန်ရာဇီခန်းမလမ်းဆုံမှတဆင့် ခရိုင်ပြည်သူ့ဆေးရုံလမ်းမကြီးအတိုင်း ဟိုခိုရပ်ကွက် အောက်ချိုင့်လမ်းဆုံ၊ အောက်ချိုင့်လမ်းဆုံမှတဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း ခရိုင်ပြည်သူ့အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွဲခဲ့ကြသည်။

အဆိုပါစုပေါင်းလမ်းလျှောက်ပွဲဆင်နွဲသည့် လူထုစုပေါင်းလမ်းလျှောက်အဖွဲ့သည် ခရိုင်ပြည်သူ့အားကစားကွင်းတွင် ပူတာအိုခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၁)(၂)နှင့် Physical Fitness Dance အကများဖြင့် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို တပျော်တပါး စုပေါင်းဆင်နွဲခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)