အလုံမြို့နယ်၌ ၅ နှစ်ယောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး(ပထမအကြိမ်) တိုက်ကျွေး

အလုံ  ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ၅ နှစ်ယောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး (ပထမအကြိမ်) တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စည်ပင်မော်တော်ယဥ်ဝင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ကျွေးရာတွင် စည်ပင်မော်တော်ယဥ်ဝင်းတွင် နေထိုင်သည့် အိမ်ထောင်စု (၁၁) စုရှိ  ၅-နှစ်အောက်ကလေး (၂၆) ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး () ဦးသန်းနိုင် ဦးဆောင်၍ Outbreak Response Immunization (ORI) ပိုလီယို ကာကွယ်ဆေး (ပထမအကြိမ်) တိုက်ကျွေးခဲ့ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)