ပခုက္ကူ ဒီဇင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ Theatre(M-306)ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ပခုက္ကူတက္ကသိုလ်၊ မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး)က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါကျပန်းစကားပြောပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်ရှိ ပထမနှစ်သင်တန်းမှ မဟာသင်တန်းအထိ ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးတို့က ခေါင်းစဉ်ငါးမျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်များ၊ သာဘာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာများ၊ စီမံရေးရာဌာနနှင့် သင်တန်းရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေး ကြည့်ရှုကြသည်။
ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပြည်ထောင်စုကြီး ထာဝရရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှားဆောင်ရွက်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစားမြတ်နိုးတတ်စေရန်၊ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုတိုင်း၏ စာပေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝရစဉ်ရှင်သန်ထက်မြက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပပေးရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)