ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ဌာနဆိုင်ရာများ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ

မြစ်ကြီးနား     ဒီဇင်ဘာ ၂၃

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ မနောကွင်းအထိ တပျော်တပါး စုပေါင်းလမ်းလျှောက်ကြသည်။

အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးကောလိပ်နှင့် သူနာပြုကျောင်းများမှ သင်တန်းသား/သင်တန်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများက ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ ရုံးကြီးလမ်း၊ သခင်နက်ဖေလမ်း၊ ထိုမှတစ်ဆင့် မန်ခိန်လမ်းအတိုင်း စီတာပူမနောကွင်းသို့ ဝင်ရောက်ပြီး မနောကွင်းအား တစ်ပတ်ပတ်၍ လာရာလမ်း အတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းသို့ ပြန်လည်ဝင် ရောက်ကာ ကိုယ်ကာယကြံ့ခိုင်မှု အတွဲအမှတ်(၁)၊ (၂)နှင့် Fitness Dance တို့ကို အတူတကွစုပေါင်း လေ့ကျင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူထုစုပေါင်းလမ်းလျှောက်ပွဲ တက်ရောက်လာသူများအား အိမ်အသုံးအဆောင် ပစ္စည်းများကို မဲဖောက်ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲတွင် ဒုတိယဆုရ ပြည်နယ်အေရိုးဗစ်အသင်း၏ လေ့ကျင့်ကပြဖျော်ဖြေ မှုကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

  ပြည်နယ်(ပြန်/ဆက် )