ကျိုက်မရော ဒီဇင်ဘာ ၂၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေရရှိစေရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မွန်ပြည်နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန်းယုက သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ သင်တန်းကို ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုရန်ပုံငွေ(၂၅)သိန်းဖြင့် နိုဝင်ဘာလ ၂၃ ရက်မှ ဒီဇင်ဘာလ ၂၃ ရက်အထိ တစ်လကြာ ကျွမ်းကျင်ဆိုင်ကယ်ပြင်ဆရာများဖြင့် စာတွေ့/လက်တွေ့လေ့ကျင့် သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပြီးလျှင် ကိုယ်ပိုင်ပြင်ဆိုင်ဖွင့်လှစ်၍ လုပ်ကိုင်နိုင်သည်အထိ စနစ်တကျသင်တန်းပေးခဲ့ပြီးဖြစ်ကြောင်း သင်တန်းသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား(၁၅)ဦးတို့အား သင်ကြားပေးနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းသားထူးချွန်ဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်ဝေနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ချိူမြတ်မြတ်ထွေး(ကျိုက်မရော)