သတင်းများ

သရက်ချောင်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ  စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Dec 23,2023
ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးအားကစား လေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဒီဇင်ဘာအားကစားလ မြို့နယ်လုံးဆိုင်ရာ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပန်းတောဘော်လုံးကွင်း၌ ကျင်းပသည်။
ညောင်ရွှေမြို့တွင် ဒီဇင်ဘာ စတုတ္ထပတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့တွင် ဒီဇင်ဘာစတုတ္ထပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် ဒီဇင်ဘာ အားကစားလ စတုတ္ထအပတ် လူထုလမ်းလျှောက်ပွဲ ကျင်းပ
Dec 23,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ရာ စုပေါင်း လမ်းလျှောက်ခဲ့ကြ၍ Myanmar Fitness Dance နှင့် အကြောလျှော့လေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြပြီး  လူငယ်များမှ အားကစားပြိုင်ပွဲများကို ပျော်ရွင်စွာ ပါဝင်ဆင်နွဲခဲ့ကြသည်။
မြောင်းမြမြို့တွင် ဒီဇင်ဘာ(စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ယနေ့နံနက် ၆ နာရီအချိန်က မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာ လူထုစုပေါင်း လမ်းလျှောက်ပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြော
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘက်ရဲမြို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ကိုးအင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင်  ဆောင်ရွက်ကြသည်။
မိတ္ထီလာမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(ဒုတိယအကြိမ်မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 23,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(ဒုတိယအကြိမ်မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မွေကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။  
မအူပင်မြို့တွင် ဒီဇင်ဘာစတုတ္ထပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြည်သူတစ်ရပ်လုံး စိတ်လက်ကြည်လင်ပြုံးပျော်ရွှင် ဉာဏ်ရည်ထက်မြက် ကျန်းမာဖို့အတွက် ဆေးဝါးမပါ အကုန်အကျသက်သာ နေ့စဉ်နေ့တိုင်း လမ်းလျှောက်ပါ ဆောင်ပုဒ်နှင့်အညီ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာစတုတ္ထပတ်လူထုအား ကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီအချိန်က ကျင်းပပြုလုပ်သည်။
မြန်အောင်၌ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုလမ်းလျှောက်ပွဲ ကျင်းပ
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(စတုတ္ထပတ်) လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီအချိန်က မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့မှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။