ဒေါပုံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲ ပေးလေ့လာခြင်းအစီအစဥ်ဆောင်ရွက်

ရန်ကုန်     ဒီဇင်ဘာ     ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဥ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မင်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းသူက မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် EVM စက်ဖြင့် မဲပေးပုံအဆင့်ဆင့်တို့ကို လည်းကောင်း၊ EVMစက်ကိုအသုံးပြု၍ မဲပေးခြင်းဖြင့် အချိန်ကုန်သက်သာပြီး ထိရောက် မှန်ကန် မြန်ဆန်မှုရှိခြင်းတို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် လက်တွေစမ်းသပ်မဲပေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် မိသားစုဝင်များ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပါတီကိုယ်စားလှယ်များ၊ ဗိုလ်ထွန်းဇံ ရပ်ကွက်၊ ဗမာအေးရပ်ကွက်နှင့် နွယ်အေးရပ်ကွက်တို့မှ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၂၆၄) ဦးတို့က  EVMစက်အသုံး ပြု၍ လက်တွေ့သရုပ်ပြ  မဲပေးခဲ့ကြသည်။

ယင်းနောက် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒပြုထားသည့် မဲရလဒ်များကို တာဝန်ရှိသူများက ရှင်းလင်းပြသပေးခဲ့သည်။ အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဥ်ကို ဒေါပုံမြို့နယ်တွင် ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့ နှစ်ရက် တိုင်တိုင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများထံမှသိရသည်။

ချစ်စုဝေ (ပြန်/ဆက်)