ကျိုက်မရော၌  Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်း ဖွင့်လှစ်

ကျိုက်မရော ဒီဇင်ဘာ  ၂၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၄ ခုနှစ်ပညာသင်နှစ်  Grade-5 သင်ရိုးသစ် မြို့နယ်အဆင့်  နောက်ဆုံးတွဲသင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က ကျိုက်မရော(ပညာအားမာန်)ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲတွင် ကျိုက်မရောမြို့နယ် ပညာရေးမှူး ဒေါ်စုစုဌေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

ယင်းနောက် သင်တန်းနည်းပြများက  မိတ်ဆက်စကားပြောကြားပြီး နည်းပြ(၇)ဦးက  သင်ကြားရမည့် ဘာသာရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

သင်တန်းတွင် ဘာသာရပ် ၉ မျိုးကို သက်ဆိုင်ရာ  သင်တန်းနည်းပြဆရာများက သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို  ဒီဇင်ဘာ  ၂၃ ရက်မှ ၂၆ ရက်နေ့အထိ နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ  (၄)ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးထံမှ သိရသည်။

 မိချို  (ပြန်/ဆက်)