ကွမ်းခြံကုန်း ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်မြို့နယ်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့ နံနက် ၅ နာရီက ၂၀၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ(စတုတ္တပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
စုပေါင်းလမ်းလျှောက်ပွဲကို စုပေါင်းရုံးလမ်းတော်ပုလွဲရေကန်မှနေ၍ အောင်ဆန်းသူရိယလှသောင်းအားကစားကွင်းအထိ အသွား/အပြန် စုပေါင်းလမ်းလျှောက်ပြီး တော်ပုလွဲရေကန်ရှေ့တွင် ကိုယ်ကာယသွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဒီဇင်ဘာ(စတုတ္တပတ်)လူထုလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးဇော်လွင်ထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြည်သူများ စုစုပေါင်း (၄၁၀)ဦးခန့် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)