ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေး
Nov 16,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၃ -၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အဆင်ပြေစွာ သီးနှံစိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာရှိ ဒေသခံတောင်သူများကို ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်ထံက သိရသည်။