လပွတ္တာမြို့နယ်တွင် ဒီဇင်ဘာစတုတ္ထပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပြုလုပ်

လပွတ္တာ    ဒီဇင်ဘာ    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ပြည်သူတစ်ရပ်လုံးမှ အားကစား လှုပ်ရှားမှုတွင် ပါဝင်လာစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပျော်ရွှင်လာစေရန်နှင့် အားကစားစိတ်ဓာတ်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဒီဇင်ဘာ စတုတ္ထပတ်လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူထုလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးဝေဟိန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေ ပြည်သူများ၊ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် လူမှုရေးအသ င်းအဖွဲ့များ (၂၆၅) ဦးတို့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရုံးရှေ့စုရပ်မှ မြို့ပတ်လမ်း၊ ဘြဘာလမ်း၊ ဘုရားလမ်း တစ်လျှောက်မှ နေသူရိန်အားကစားကွင်းအထိလျှောက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့အားကစားကွင်း ၌ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများအား စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြ​သည်။

ခရိုင် (ပြန်/ဆက်)