ဝါးခယ်မ ဒီဇင်ဘာ ၂၃
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ယနေ့နံနက် ၅ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ စုပေါင်းပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုရပ်ပြုလုပ်၍ ကမ်းနားလမ်းနှင့်မြူရုံးလမ်းမကြီး တစ်လျှောက် စုပေါင်းလမ်းလျှောက်ခဲ့ကာ အ-ထ-က(၁)ကျောင်းရှေ့တွင် ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)