ပုံပါကျင် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့တွင် ရပ်ကွက်များအတွင်းရှိ ဈေးဆိုင်များ မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ခွဲစည်ပင်သာယာရေးဌာန၊ ဒုတိယဦးစီးမှူး ဦးဇော်ထက်၊ ပုံပါကျင်နယ်မြေရဲစခန်းမှ ရဲမှူးဇင်မင်းဦးနှင့် အဖွဲ့၀င်များ၊ ပုံပါကျင်နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ရဲသီဟကျော်နှင့်တာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပုံပါကျင်မြို့ ရပ်ကွက် (၅)ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များအား စက်သုံးဆီသိုလှောင်ထားရှိမှုအခြေအနေများကို စစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် မီးသတ်ဆေးဘူးများ ဆိုင်တိုင်းထားရှိရန်၊ ဈေးသူ၊ ဈေးသားများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အိအိဖြိုး