တွံတေးမြို့ စည်ပင်သာယာစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

တွံတေး    ဒီဇင်ဘာ   ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် တွံတေးမြို့ စည်ပင်သာယာစျေးအား ယမန်နေ့နံနက် ၉ နာရီအချိန်က စည်ပင်သာယာစျေး မီးဘေးလုံခြုံရေးအတွက် မီးသတ် ရေကန်များ၊ ရေစုကန်များ၊ မီးချိတ်၊ မီးကပ်၊ရေပုံးသဲပုံးထားရှိထားမှုနှင့် မီးသတိမူရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်ထွန်း၊ မီးသတ်စခန်းမှူး ဦးအောင်စိုးနှင့်တပ်ဖွဲ့ဝင်များ၊ စျေးတာဝန်ခံ ဦးဥာဏ်လင်းထက်နှင့်အဖွဲ့တို့ တွေ့ဆုံကာ စည်ပင်သာယာစျေးအတွင်း မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားမှု့၊ ရေဂါလံ(၃၀၀၀)ဆံရေစုကန်(၂)ကန်၊ ရေဂါလံ (၅၀၀၀)ဆံရေစုကန်(၁)၊ ဂါလံ(၁၂၀၀၀)ဆံရေစင် တည်ဆောက်ထားမှု၊ မီးဘေးအန္တရာယ်ဖြစ်လာပါက ရေအလွယ်တကူယူနိုင်မည့် ရေငုတ်များ၊ မီးသတ်ပိုက်များ၊စျေးအတွင်းရှိ စျေးဆိုင်များ၌ ထားရှိသည့် မီးသတ်ဆေးဘူးများအား တာဝန်ရှိသူများနှင့်လိုက်လံ စစ်ဆေးခဲ့​ကြောင်းသိရသည်။

တွံတေးမြို့ စည်ပင်သာယာစျေးကြီးတွင်း စျေးဆိုင်ခန်းပေါင်း(၉၀၇)ခန်းရှိကာ  အရေးပေါ် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ဆက်သွယ်အကြောင်းကြားနိုင်ရန် မီးသတ်ရုံးဖုန်းအမှတ် 191 ၊ မြို့နယ်မီးသတ်စခန်းဖုန်း ၀၄၅ ၂၀၅၀၄၄၄ သို့ ဆက်သွယ်နိုင်ကြောင်း  သိရသည်။

တွံတေးသား