ရမည်းသင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ရမည်းသင်း ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့ စုရပ်မှစတင်ကာ ခရိုင်ပြည်သူ့အားကစားကွင်းထိ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြသည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲတွင် ရမည်းသင်းမြို့ အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်ပြည်သူများ စုစုပေါင်း (၇၅၀)ကျော် စုပေါင်းလမ်းလျှောက်ကြကြောင်း သိရသည်။

ဆက်လက်၍ စုပေါင်းလမ်းလျှောက်သူများမှ ခရိုင်ပြည်သူ့အားကစားကွင်းအတွင်း ကိုယ်ကာယလေ့ကျင့်ခန်းအတွဲ(၁)/(၂)ကို ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်