သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းဆင့် (Grade-5) သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်လှစ်
Dec 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မူလတန်းဆင့် (Grade-5) သင်ရိုးသစ် ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောင်းကုန်းမြို့၌ ဒီဇင်ဘာ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲ
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (စတုတ္ထပတ်) လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
 ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်ကစတင်၍ ကြိုဆိုပါ၏ဆိုင်းဘုတ်ရှေ့တွင် စုရပ်ပြု၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ရပ်ကွက်‌နေပြည်သူ (၂၆၀)ခန့်တို့က ပိန္နဲကုန်းတံတားအထိ တစ်ပျော်တစ်ပါး ပျော်ရွှင်စည်ကားသိုက်မြိုက်စွာ စုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းတွင် ကိုယ်လက်လှုပ်ရှားကြံ့ခိုင်ရေး သွေးပူလေ့ကျင်းခန်းများပြုလုပ်ကြသည်။
သာယာဝတီမြို့နယ်တွင် မြို့နယ်အဆင့် (GRADE-5) နောက်ဆက်တွဲသင်တန်း ဖွင့်လှစ်
Dec 23,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပဉ္စမတန်းကို သင်ကြားနိုင်ရန်နှင့် မူလတန်းကို ခြုံငုံပြီး အလယ်တန်းကို လေ့လာ ချိတ်ဆက်နိုင်စေရန်အတွက် GRADE-5 နောက်ဆက်တွဲ ဖွင့်ပွဲကိုသင်တန်းကို ယနေ့နံနက် ၉ နာရီက  သာယာဝတီမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ပညာ့အားမာန်) ခန်းမ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ်တွင် ဒီဇင်ဘာ(စတုတ္ထပတ်)စုပေါင်းလူထုလမ်းလျှောက်ပွဲဆောင်ရွက်
Dec 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်သူများကျန်းမာကြံခိုင်စေရန်ရည်ရွယ်၍  ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၅)နာရီ အချိန်၌  ပြုလုပ်ခဲ့သည်။
တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင် ဓာတ်ပုံပြပွဲပြုလုပ်
Dec 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့ ည​နေ (၃) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂ခုနှစ် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု၊ ဆုနှစ်ဆုရရှိခဲ့သည့် စာရေးဆရာမကြီး ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)အား ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနားကျင်းပ
Dec 23,2023
၂၀၂၂ခုနှစ် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု၊ ဆုနှစ်ဆုရရှိခဲ့သည့် စာရေးဆရာမကြီး ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)အား ပဲခူးတိုင်းဒေသကြီး(အရှေ့) မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊  ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်း၊ ပဲခူးတိုင်း​ဒေသကြီးမြန်မာ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် ပဲခူးမြို့နယ်စာရေးဆရာအသင်းတို့မှ ထပ်ဆင့်ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်၊ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ် ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင် တက်ရောက် ချီးမြှင့်ပေးခဲ့သည်။
မြောင်းမြမြို့တွင် Grade-5 (သင်ရိုးသစ်) မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံပညာ မူလတန်းအဆင့် Grade-5 (သင်ရိုးသစ်) သင်တန်းတက်ရောက်ရန်ရှိသော ဆရာ၊ ဆရာမများအား မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့နံနက် (၈:၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။