ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၃
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ပထမအပတ်မှစတင်၍ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက စတုတ္ထမြောက်ရက်သတ္တပတ်အဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် စုပေါင်း ဆင်နွှဲခဲ့သည်။
စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေစိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်သား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများက စုရပ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှစတင်၍ မြို့ဝင်ဂိတ်အထိ စုပေါင်း လမ်းလျှောက်ခဲ့ကြပြီး ထန်းတပင်မြို့မအားကစားကွင်းတွင် ကိုယ်ကာယ လေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်အတွက် ဒီဇင်ဘာ လူထုအားကစားလတွင် စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စုပေါင်းလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲခဲ့ကြသူများကိုလည်း ဆီထမင်းများ ကျွေးမွေးခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)