မုဒုံ ဒီဇင်ဘာ ၂၃
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ မသန်စွမ်းသူများမှ အခြေခံကျသော အသက်မွေး ဝမ်းကျောင်းပညာတစ်ရပ်ဖြစ်သည့် ရော်ဘာ အဖူးလှီး၊ အဖူးကူးနည်းပညာများကို သင်ကြာပေးခဲ့ရာ ယမန်နေ့က နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ)တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်က အမှာစကားပြောကြားပြီး နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုး ရေးခြံ(မုဒုံ)တာဝန်ခံ ဦးမောင်မောင်မြင့်က မုဒုံမြို့သည် ရော်ဘာမျိုးကောင်းမျိုးသန့် အဖူးကူးပျိုးပင်များ အများဆုံးထုတ်ပေးသော မြို့နယ်တစ်မြို့နယ်ဖြစ်သည့်အတွက် မသန်စွမ်းသူများမှလည်း ရော်ဘာအဖူးကူးခြင်းနည်းပညာများကို တတ်မြောက်ပြီး တစ်ထောင့်တစ်နေရာမှ ပါဝင်ခြင်းဖြင့် ရော်ဘာစိုက်ပျိုးထုတ်မှုကဏ္ဍ တိုးတက်လာမှာဖြစ်ကြောင်း၊ မသန်စွမ်းသူများမှလည်း အသက်မွေးဝမ်းကျောင်းအတွက် အခြေခံကျသော ပညာရပ်ဖြစ်သောကြောင့် မိမိဘဝတွက် များစွာအထောက်အကူပြုမည့်
သင်တန်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုရရှိသော သင်တန်းသားများ၊ သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုငွေများကို ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းအား စာတွေ့၊ လက်တွေ့ (၅)ရက်ကြာဖြင့် သင်ကြားပေးခဲ့ရာ သင်တန်းသား ၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)