ပန်းခင်းစီမံချက် အဆင့် (၂)ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကျင်းပ

သုံးခွ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သုံးခွမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် ၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် ပြီးမြောက် အောင်မြင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုလဲကျေးရွာ အ-ထ-က ကျောင်းခန်းမ၌ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အဖွင့်အမှာ စကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန မြို့နယ်လဝက ဦးစီးမှူး ဦးမင်းသူက နိုင်ငံသားတစ်ဦး၏ အရည်အချင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပုလဲကျေးရွာ အ-ထ-ကကျောင်းမှ ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများကနိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခဲ့ကြပြီး ပုလဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။

ပန်းခင်းစီမံချက် အဆင့် (၂)ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားတွင် နိုင်ငံသားစိစစ်ရေးကတ် (၃၅၆ )ကတ်အားပေးအပ်ခဲ့ကြောင်းသိရသည်။

စည်သူလင်း(ပြန်/ဆက်)