သတင်းများ

မုဒုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲ ဆိုင်ရာဆွေးနွေးပွဲကျင်းပ
Dec 24,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာဆွေနွေးပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ ပြုလုပ်သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းဆောင်ရွက်
Dec 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့မှစတင်၍ ခရိုင်နယ်မြေအလိုက်  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ပထမနေ့အဖြစ် ယမန်နေ့နံနက် ၁၀ နာရီ အချိန်မှ ညနေ၃နာရီအချိန်အထိ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်သဇင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade-5 (မြို့နယ်အဆင့်) နောက်ဆက်တွဲ သင်တန်း ဖွင့်လှစ်
Dec 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သင်ရိုးသစ် Grade-5 (မြို့နယ်အဆင့်) နောက်ဆက်တွဲ သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ခရစ္စမတ် မိတ်သဟာယ ညစာ စားပွဲကျင်းပ
Dec 24,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရစ္စမတ်မိတ်သဟာယ ညစာစားပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းအချိန်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ကံဘဲ့နှစ်ခြင်း ခရစ်ယာန်ဓမ္မရိပ်သာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ကြက်သွန်နီစိုက်တောင်သူများ ပေါ်ဦးပေါ်ဖျားမှာ ဈေးကောင်းရရှိ
Dec 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိပွဲရုံများသို့ ပေါ်ဦးပေါ်ဖျားမှာ ကြက်သွန်နီများ အဖွင့်ဈေးကောင်းကောင်းဖြင့် ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးမြို့အမှတ်(၄)မကျီးချောင်း ပွဲရုံပိုင်ရှင်ဒေါ်လဲ့ထံမှ သိရသည်။
မြင်းခြံမြို့၌ မြို့နယ်အဆင့် Grade-5 နောက်ဆက်တွဲသင်တန်း ဖွင့်လှစ် သင်ကြား
Dec 24,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် Grade-5 နောက်ဆက်တွဲသင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြင်းခြံမြို့ အထက(၁) ကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
ကြို့ပင်ကောက်မြို့၌ မြို့နယ်လုံးကျွတ်မြတ်ဆရာပူဇော်ပွဲ (၂၃)ကြိမ်မြောက်ကျင်းပ
Dec 24,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ အ.ထ.က(ကြို့ပင်ကောက်)ကျောင်းတွင် မြို့နယ်လုံးကျွတ်မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပြည်မြို့တွင် ဒီဇင်ဘာ(စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲ ပျော်ရွှင်စွာဆင်နွှဲ
Dec 24,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က ဒီဇင်ဘာလ(စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းအောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ်အဆင့် ဌာနပေါင်းစုံမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းများ၊  ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။