မအူပင်မြို့တွင် ဒီဇင်ဘာစတုတ္ထပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မအူပင် ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြည်သူတစ်ရပ်လုံး စိတ်လက်ကြည်လင်ပြုံးပျော်ရွှင် ဉာဏ်ရည်ထက်မြက် ကျန်းမာဖို့အတွက် ဆေးဝါးမပါ အကုန်အကျသက်သာ နေ့စဉ်နေ့တိုင်း လမ်းလျှောက်ပါ ဆောင်ပုဒ်နှင့်အညီ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာစတုတ္ထပတ်လူထုအား ကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲအား မအူပင်မြို့ တိုးရွှေဝါခမ်းမရှေ့မှ ကမ်းနားလမ်း၊ ကမ်းနားလမ်းမှ ဆယ်လန်း၊ ဆယ်လန်းမှ မင်းလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မအူပင်ခရိုင် ပြည်သူ့အားကစား ကွင်ကြီးအတွင်း သွေးပူလေ့ကျင့်ခန်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါစု‌ပေါင်းလမ်းလျှောက်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ စုစုပေါင်းအင်အား (၄၆၃)ဦးခန့် ပါဝင်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)