မိတ္ထီလာမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(ဒုတိယအကြိမ်မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ၊ ဒီဇင်ဘာ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(ဒုတိယအကြိမ်မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မွေကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။  

အခမ်းအနားတွင် မွေကျေးရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇောက အဖွင့်အမှာစကားပြောကြားခဲ့ပြီး  မန္တလေးတိုင်းဒေဿကြီး၊ ရမည်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပြအရာရှိ ဒေါ်စုလှိုင်နှင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသူများအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို ပေးအပ်ခဲ့သည်။

အဆိုပါလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၁၅)ဦးဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ရာ ၎င်းသင်တန်း တက်ရောက်ပြီးစီးပါက သင်တန်းသားများထဲမှ လုပ်ငန်းထူထောင်လိုသူ (၅) ဦးအား စိစစ်ရွေးခြယ်ပြီး တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးစက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)