မြောင်းမြ ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ယနေ့နံနက် ၆ နာရီအချိန်က မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာ လူထုစုပေါင်း လမ်းလျှောက်ပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြောင်းမြခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ မြို့ရွာနေပြည်သူများက ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲအဖြစ် စုပေါင်းလမ်းလျှောက်ကြရာ မြောင်းမြခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ၇လမ်း၊ ဗိုလ်ဗထူးလမ်း၊ ၁၁လမ်း၊ မြို့မအားကစားကွင်းသို့စု ပေါင်းလမ်းလျှောက်ကြပြီး မြို့မအားကစားကွင်းတွင်း အားကစားနှင့်ကာယပညာဌာနမှ ပြသပေးသောကိုယ်လက် လေ့ကျင့်ခန်းများကို စုပေါင်းပြုလုပ်ခဲ့ကြပြီးနောက် လမ်းလျှောက်လာသူများကို နံနက်စာကောက်ညှင်းဆီထမင်းများ ပေးဝေခဲ့ကြကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)