ညောင်ရွှေ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့တွင် ဒီဇင်ဘာစတုတ္ထပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းလမ်းလျှောက်ပွဲကို စုရပ်ဖြစ်သည့် မြို့မဈေးမီးပွိုင့်မှ ရုံးကြီးလမ်း-ကမ်းနားလမ်း-ဖောင်တော်ပြန်လမ်း-မြဝတီလမ်းအတိုင်း လမ်းလျှောက်ခဲ့ကြပြီး ရုံးကြီးလမ်းပေါ်ပြန်ဝင်၍ မြို့မအားကစားကွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူလူထုများ စုစုပေါင်းအင်အား ၈၁၀ ဦးခန့် ပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်