မြန်အောင်၌ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုလမ်းလျှောက်ပွဲ ကျင်းပ

မြန်အောင် ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(စတုတ္ထပတ်) လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီအချိန်က မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့မှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။

ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်)လူထုလမ်းလျှောက်ပွဲကို မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများပါဝင်သော ပြည်သူလူထုအင်အား (၂၅၀)ခန့်တို့က ပရိက္ခရာလမ်း၊ လက်ပံရပ်အလယ်လမ်း၊ မီးသတ်တာကြီးတန်းလမ်းမှ မြို့နယ်အားကစားကွင်းအတွင်း ပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ အကြောလျှော့ လေ့ကျင့်ခန်းနှင့် Fitness  Dance လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။

ဝင်းဗိုလ်