မြိတ် ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ရာ စုပေါင်း လမ်းလျှောက်ခဲ့ကြ၍ Myanmar Fitness Dance နှင့် အကြောလျှော့လေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြပြီး လူငယ်များမှ အားကစားပြိုင်ပွဲများကို ပျော်ရွင်စွာ ပါဝင်ဆင်နွဲခဲ့ကြသည်။
လူထုလမ်းလျှောက်ပွဲကို မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော် ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ လူမှူရေးအသင်း အဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်း(၁၀၂၀)ဦးခန့်က မြို့မအားကစားကွင်း ပြေးလမ်း(၅)ပတ် ပတ်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
လူထုလမ်းလျှောက်ပွဲအပြီးတွင် လမ်းလျှောက်ပွဲပါဝင်ဆင်နွဲသူများက အားကစားကွင်းအတွင်း Myanmar Fitness Dance နှင့် အကြောလျော့လေ့ကျင့်ခန်း စုပေါင်းပြုလုပ်ခဲ့ကြသည်။ ထို့နောက် ဒီဇင်ဘာအားကစား ပြိုင်ပွဲများနှင့်ပျော်ပွဲရွင်ပွဲများကို အားကစားကွင်းတွင် ဆက်လက်ကျင်းပခဲ့ရာ လူငယ်များ ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)