Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲကျင်းပ
Nov 09,2023
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ကြီးမှူးကျင်းပသော စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲ အမှတ်စဉ်(၁၉/၂၀၂၃)ကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရုံးချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်တွင် ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး နယ်လှည့်စာကြည့်တိုက် လိုက်လံဖွင့်လှစ်ပေး
Nov 09,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ(နတ်ကျွန်း)အခြေခံပညာမူလတန်းလွန်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့၌ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းတန်ဖိုးမြင့် စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ (မွမ်းမံ) သင်တန်းဖွင့်ပွဲကျင်းပ
Nov 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်း ခေတ်မီစံပြကျေးရွာ ဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာပြီး မိမိတို့ဒေသ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးစီမံကိန်း တန်ဖိုးမြင့် စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ Incubation Centre သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအတွင်းရှိ တိရစ္ဆာန်ကောင်ရေစာရင်းများ ကွင်းဆင်းကောက်ယူ
Nov 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံပြည်သူများ မွေးမြူရေးဆိုင်ရာလုပ်ငန်းများနှင့် အိမ်တွင်းမွေးမြူထားရှိသော တိရစ္ဆာန်ကောင်ရေစာရင်းများ ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုင်းလွေကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ တန်(၉၀)ကျစပါးကြိတ်ခွဲစက်နှင့် တန်(၁၂၀)စပါးအခြောက်ခံစက်တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Nov 09,2023
မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များကိုအခြေခံသည့် ပြည်တွင်းထုတ်ကုန်များပိုမိုအားကောင်းစွာ ထုတ်လုပ်နိုင်ရေးနှင့် ဒေသတွင်းတောင်သူများ စီးပွားရေးအခွင့်အလမ်းများကောင်းမွန်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၌ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Nov 09,2023
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင် ပြန်/ ဆက်ရုံး Community Centre ခန်းမ တွင် အခမဲ့အခြေခံကွန်ပျူတာသင်တန်း (၂/ ၂၀၂၃) သင်တန်းဆင်းပွဲ ကျင်းပ
Nov 09,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေး ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော အခမဲ့အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၃) ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ(၉) ရက်နံနက် (၁၀)နာရီက အဆိုပါရုံးရှိ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) အခမ်းအနားကျင်းပ
Nov 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က (၁၈) ရပ်ကွက်၊ စည်ပင်လမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7566
Page
7567
Page
7568
Page
7569
Current page
7570
Page
7571
Page
7572
Page
7573
Page
7574
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department