နတ်မောက် ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အမျိုးဘာသာ သာသနာဖျက်ဆီးသူများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်(၈)နာရီ(၅၅)မိနစ်အချိန်က ဗိုလ်တေဇအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲတွင် တမလန်းပင်တောင်ကျောင်း ဆရာတော်နှင့် ဦးဇော်ဝင်းတို့က ဦးဆောင်၍ ရှမ်းပြည်မြောက်ပိုင်းတွင် ဘုရားပင်ပျောက်ကွယ်လိမ့်မည်ဟူသော MNDAA အကြမ်းဖက်အဖွဲ့၏ အောက်တန်းကျသောလုပ်ရပ်များ၊ ဗုဒ္ဓဘာသာဝင်ပြည်သူတစ်ရပ်လုံးကို စော်ကားခဲ့သော MNDAA အကြမ်းဖက်အဖွဲ့ကို မြန်မာ့မြေပေါ်မှ အပြီးအပြတ်ရှင်းလင်းပေးပါစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ပြည်သူများနှင့်အတူ MNDAA အကြမ်းဖက်အဖွဲ့ အမြစ်ပြတ်ခြေမှုန်းပေးရေး၊ ဘာသာသာသနာကို စော်ကားအောက်တန်းစား အကြမ်းဖက်ဝါဒီများ၊ သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီပပျောက်ရေး၊ ပြည်သူတွေရဲ့ အသက်ကိုရောင်း ဒေါ်လာတောင်းစားနေသည့် ပြည်ဖျက်မိစ္ဆာများအလိုမရှိ စသည့်ကြွေးကြော်သံများ ကြွေးကြော်ခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)