သရက် ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်ဆီးမိစ္ဆာများအားကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက်(၈)နာရီက ခရိုင်အား ကစားကွင်း၌ ကျင်းပခဲ့ရာ သံဃာတော်၊ သီလရှင်များနှင့် ပြည်သူ(၈၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ပြည်သူစုစုပေါင်း(၈၅၀)ဦးခန့်က အားကစားကွင်း အတွင်းနေရာယူ၍ ဘောဓိကန်ကျောင်းဆရာတော်ဦးရေဝတနှင့် ဦးဇော်ဇော်(ခ)ဦး ဝေမောင်းတို့က ဟောပြောပြီး သာသနာဖျက်အကြမ်းဖက်သမားများ အလိုမရှိ၊ အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချသည့် ဗီနိုင်းများကိုင်ဆောင်ကာ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီများ ပပျောက်ရေးဒို့အရေး၊ ပြည်သူတွေရဲ့ အသက်ကိုရောင်းဒေါ်လာ တောင်းစားနေသည့် ခွေးဝဲစားပြည်ဖျက်မိစ္ဆာများ(အလိုမရှိ) ပြည်ပဩဇာခံ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်များ (အလိုမရှိ) အကောက်ကြံ ခလောက်ဆန် လက်နက်ကိုင်သောင်းကျန်းသူများ၏ နောက်ကွယ်မှ ကြိုးကိုင်နေသူများအား (ဆန့်ကျင်ကြ) လမ်းတံတားများကို ဖျက်ဆီး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို ဖျက်ဆီးနေသည့် မျောက်သုံးကောင်ရှင်းလင်းရေး( ဒို့အရေး)စသည့် ကြွေးကြော်သံများကြွေးကြော်ပြီး ငြိမ်းချမ်းလူစုခွဲသွားကြောင်း သိရှိရသည်။