သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေလုပ်သားများအား ရှေးဦးပြုစုစောင့်ရှောက်ခြင်းဘာသာရပ်အား ပို့ချပေး
Nov 10,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်လျက်ရှိသော ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းတက်ရောက် လျက်ရှိကြသော ရေလုပ်သားများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးပြုစု စောင့်ရှောက်ရေးဘာသာရပ်အား ယနေ့ နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ပို့ချပေး ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တိုင်းရင်းသားလူငယ်များအတွက် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ တက်ရောက်ပြီး စစ်တွေမြို့ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Nov 10,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူငယ်များအတွက် အခြေခံ ကွန်ပျူတာသင်တန်း ဆင်းပွဲသို့ တက်ရောက်ကြပြီး စစ်တွေမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကြသည်။
မြောက်ဦးမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ အခမဲ့ ကပြသီဆိုဖျော်ဖြေ
Nov 10,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ့မှ စစ်သည်၊ စစ်သမီးများပါဝင်သည့် အဆိုပါအဖွဲ့သည် ယမန်နေ့ညနေ ၇ နာရီအချိန်က မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၊ မြို့တော်ခန်းမ၌ အခမဲ့ ကပြသီဆိုဖျော်ဖြေ တင်ဆက်ခဲ့သည်။
ကော့သောင်းခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁၀) မိုင်ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ
Nov 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁၀) မိုင်ခန်းမ၌ လူငယ်များ၊ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များ ပိုမိုပြည့်ဝစေပြီး စာဖတ်ခြင်း အလေ့အထ ပိုမိုတိုးပွားလာစေ၍ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာကြစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင်၊ Community Centre ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Nov 10,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲများကျင်းပ
Nov 10,2023
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၇)နေ့တွင် ကျ‌ရောက်သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားကို ဘားအံမြို့ သီရိကွင်း၌ ဒုံးအကပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ပျော်ပွဲရွင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နိုဝင်ဘာလ (၇)ရက်နေ့မှ (၉)ရက်နေ့ထိ ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Nov 10,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီမှစ၍ ညနေပိုင်းအထိ ကျင်းပပြုလုပ်လျက်ရှိသည်။
ညောင်တုန်းမြို့နယ်ရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။