ချောင်းဆုံ ဇန်နဝါရီ ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀)နာရီက ကမာကေး(အထက)ကျောင်း ခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက ကျောင်းသား လူငယ်များ ဘက်စုံထူးချွန်၍ လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အစုအဖွဲ့ဖြင့် ညှိနှိုင်း တိုင်ပင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် “လူငယ် စကားဝိုင်း” ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်(ပြန်/ဆက်) ဦးစီးအရာရှိ ဒေါ်မိသူဇာနှင့် မြို့နယ်(အား/ကာ)ဦးစီးအရာရှိ ဒေါ်သက်ငုံဖူးတို့မှ ဦးဆောင်ဆွေးနွေးသူများအဖြင့် ဆောင်ရွက် ကာ ကျောင်းသားလူငယ်များအတွက် အရေးပါသည့် ကဏ္ဍများဖြစ်သည့် ပညာရေး၊ အားကစား၊ ယဉ်ကျေးမှု တန်ဖိုး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပေါင်းသင်းဆက်ဆံရေး စသည့်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်ကြသည့် ကျောင်းသား/သူများ သိရှိလိုသည်များ ပြန်လည်ဖြေ ကြားဆွေးနွေးပေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)