ထားဝယ် ဇန်နဝါရီ ၁၃
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ တနင်္သာရီတိုင်းဒေသကြီးအဆင့် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့် တင်ရေးလုပ်ငန်း ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအဆင့် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယငါးနှစ်စီမံချက် ၂၀၂၄-၂၀၂၈ ခုနှစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းကော်မတီများ (၈)ခုမှ အသိ ပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီက စီမံချက်ရေးဆွဲနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအဆင့် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ အသေးစိတ်စီမံချက်ကို ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဌာန/ အသင်း အဖွဲ့အလိုက် စုစည်းပြီးဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိဌာနအလိုက် အမှန်တကယ်ဆောင်ရွက် နိုင်မည့်လုပ်ငန်းများကို လျာထားပေးကြပါရန်နှင့် ဆောင်ရွက်ကြသည့်အခါ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် ကော်မတီဝင်များက ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ကလေးအလုပ်သမားနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် အသိပညာပေးလုပ်ငန်း များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)