သတင်းများ

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ အလိုတော်ပြည့်ဂူဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော် လေးဆူ ဖူးမြော်ပြီး နံရံပန်းချီနှစ်ကျိတ်ရှစ်ဆူဘုရားကို လေ့လာနိုင်
Nov 16,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ အလိုတော်ပြည့် ဂူဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်လေးဆူ ဖူးမြော်ပြီး နံရံများတွင်ရေးဆွဲထားသည့် နှစ်ကျိတ်ရှစ်ဆူဘုရား ပုံနံရံပန်းချီများကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။
ဘုတ်ပြင်းမြို့ အ.ထ.က-တောင်ဒဂုံကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Nov 16,2023
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့က ထောင်ခမက်ကျေးရွာအုပ်စု အ.ထ.က-တောင်ဒဂုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက(၁၂၀)တင်း ထွက်ရှိ
Nov 16,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ မင်းကြီးကုန်းကျေးရွာရှိ ကွင်းအမှတ် (၂၃-က)ကွင်း တောင်သူ ဦးတင်မြင့်၏ မနောသုခ စပါးစိုက်ခင်းတွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Nov 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ကျောင်းသူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများ ပိုမိုလေ့လာဖတ်ရှုစေရန်အတွက် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ကျောက်ဆည်မြို့အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း “ရွှေသရဖီခန်းမ”တွင် လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Nov 16,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ရှေ့အခြေခံပညာမူလတန်းကျောင်းတွင်  ကျင်းပခဲ့သည်။
တံတားဦးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား/သူများအား ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြော
Nov 16,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ရှေးဦးပြုစုခြင်းအကြောင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း နေမျိုးစည်သူခန်းမတွင် ကျင်းပကြောင်းသိရသည်။
တံတားဦးမြို့နယ် အ.ထ.က(ခွဲ)၊ စကားအင်း ပင်ပဆောင်ခန်းမတွင် လူငယ်ရေးပညာပေးဟောပြောပွဲ ကျင်းပ
Nov 16,2023
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ ပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက စကားအင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပင်ပဆောင်ခန်းမ၌ ကျင်းပကြောင်းသိရသည်။
ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Nov 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။