သတင်းများ

မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စွန့်ပစ်အမှိုက်များ စနစ်တကျ ဖြစ်စေရေး ပလတ်စတစ် အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်
Nov 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက စွန့်ပစ်အမှိုက်များ စနစ်တကျ ရှိစေရေး ပလတ်စတစ် အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသထွက် ရွှေဖရုံသီးများ အရွယ်အစားပေါ် မူတည်၍ ဈေးကောင်းရရှိ
Nov 16,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ ဥယျာဉ်ခြံလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ မိသားစု စားဝတ်နေရေးအတွက် တောင်ယာများနှင့် အိမ်ခြံဝင်းအတွင်း စိုက်ပျိုးထားရှိသည့် သီးနှံပင်များတွင် ရွှေဖရုံပင်များလည်း အပါအဝင်ဖြစ်ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အရွယ်အစားအပေါ်မူတည်၍ ဈေးရရှိလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့ ရပ်ကွက် (၄) တွင် ယာယီနေရပ်စွန့်ခွာသူများအား စေတနာရှင် အလှူရှင်များက လိုအပ်သည်များလှူဒါန်း
Nov 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်အချို့တွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံအချို့ မှာ လားရှိုးမြို့တွင် ယာယီနေရပ်စွန့်ခွာ ခိုလှုံနေကြကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်၊ ကလေးသူငယ်အခွင့်ရေးများဆိုင်ရာနှင့် လူငယ်​ရေးရာအသိပညာပေး ဟောပြောပွဲများကျင်းပ
Nov 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ယာဥ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် လူငယ်ရေးရာအသိပညာ​ပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (​ရွှေနန်ယန်)ခန်းမ၌ ကျင်းပခဲ့သည်။
မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အိမ်တွင်းအကြမ်းဖက်မှု ကင်းဝေးစေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 16,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အိမ်တွင်းအကြမ်းဖက်မှု ကင်းဝေးစေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီတွင် ခရိုင်လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ပြုလုပ်သည်။
မရမ်းကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်​ရေး နယ်လှည့်ကွင်းဆင်း​ဆောင်ရွက်
Nov 16,2023
​ကျောင်း​နေအရွယ်က​လေးများ စာ​ပေဗဟုသုတရရှိ​စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ အမှတ် (၂၉) အခြေခံပညာမူလတန်းသို့ ယ​နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်​ရေး နယ်လှည့်ကွင်းဆင်း ​ဆောင်ရွက်ခဲ့သည်။
ရေတာရှည်မြို့နယ် ခင်တန်းကြီးကျေးရွာ အခြေခံမူလွန်ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်း ဆောင်ရွက်
Nov 16,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နေ့လည် ၁း၃၀နာရီအချိန်က ခင်တန်းကျေးရွာအခြေခံမူလွန်ကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မင်္ဂလာဒုံမြို့မြဝတီဘောလုံးကွင်း၌ ကျင်းပခဲ့သည်။