သတင်းများ

မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Women Club ၊Youth Club အဖွဲ့တို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Nov 16,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)၊အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ပူးပေါင်း၍ စာရေးဆရာတက္ကသိုလ်သင်္ခရေးသားသည့် "ခေတ်သစ်လူပါးနှင့်အခြားဆောင်းပါးများ"စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကွင်းဆင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကျင်းပ
Nov 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မောင်းမကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရေဖြူမြို့နယ်တွင် မိုးစပါး စံပြကွက်ရိတ်သိမ်းပွဲ ပြုလုပ်
Nov 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ (ခ)ရပ်ကွက်နေ တောင်သူဦးမျိုးနိုင်၏ ဆင်းသုခ(Seeder)စံပြမိုးစပါးစိုက်ခင်း(၆.၆)ပေ စံကွက်ရိတ်သိမ်းပွဲကို စိုက်ပျိုးရေးဦးစီးဌာန ယမန်နေ့က ကျင်းပခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး  ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည်
Nov 16,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်း တို့ကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စွန့်ပစ်အမှိုက်များ စနစ်တကျ ဖြစ်စေရေး ပလတ်စတစ် အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်
Nov 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက စွန့်ပစ်အမှိုက်များ စနစ်တကျ ရှိစေရေး ပလတ်စတစ် အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသထွက် ရွှေဖရုံသီးများ အရွယ်အစားပေါ် မူတည်၍ ဈေးကောင်းရရှိ
Nov 16,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ ဥယျာဉ်ခြံလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ မိသားစု စားဝတ်နေရေးအတွက် တောင်ယာများနှင့် အိမ်ခြံဝင်းအတွင်း စိုက်ပျိုးထားရှိသည့် သီးနှံပင်များတွင် ရွှေဖရုံပင်များလည်း အပါအဝင်ဖြစ်ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အရွယ်အစားအပေါ်မူတည်၍ ဈေးရရှိလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့ ရပ်ကွက် (၄) တွင် ယာယီနေရပ်စွန့်ခွာသူများအား စေတနာရှင် အလှူရှင်များက လိုအပ်သည်များလှူဒါန်း
Nov 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်အချို့တွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံအချို့ မှာ လားရှိုးမြို့တွင် ယာယီနေရပ်စွန့်ခွာ ခိုလှုံနေကြကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်၊ ကလေးသူငယ်အခွင့်ရေးများဆိုင်ရာနှင့် လူငယ်​ရေးရာအသိပညာပေး ဟောပြောပွဲများကျင်းပ
Nov 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ယာဥ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် လူငယ်ရေးရာအသိပညာ​ပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (​ရွှေနန်ယန်)ခန်းမ၌ ကျင်းပခဲ့သည်။