သာစည် ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသက်သာချောင်ချိရေးအတွက် စိုက်ပျိုးထားသည့် ဌာနပိုင်ဝန်ထမ်းသက်သာ စိုက်ခင်းမှ ထွက်ရှိသော ဆန်အိတ်များကို ဝန်ထမ်း ၅၃ ဦးတို့အား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသက်ကျော်က ဝန်ထမ်းသက်သာထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ထမ်းသက်သာစိုက်ခင်းမှထွက်ရှိသော မနောသုခ (GW-11) ဆန်အိတ်များကို ဝန်ထမ်း ၅၃ ဦးအတွက် တစ်ဦးလျင်ဆန် ၂၄ ပြည်အိတ် တစ်အိတ်နှုန်းဖြင့် စုစုပေါင်း ၅၃ အိတ် ကာလတန်ဖိုးအားဖြင့် ငွေကျပ် ၄၂၄၀၀၀၀ ကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ဝန်ထမ်းသက်သာထောက်ပံ့ပေးအပ်ပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ဒုတိယဦးစီးမှူးများနှင့် မြို့ပေါ်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)