သတင်းများ

ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Nov 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာများ စုပေါင်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီ(၃၀)အချိန်က ပြုလုပ်သည်။
မြို့သစ်၌ ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (အပိုဆောင်း) ဆက်လက်ထိုးနှံ
Nov 16,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ သံဃာတော်များ၊ ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (အပိုဆောင်း) ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့သစ်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ကာလိမြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Nov 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ယနေ့ နံနက်(၉) နာရီအချိန်က အခြေခံပညာအလယ်တန်း (ခွဲ)ကျိုင်းလွန်းကျောင်း ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခြေခံစက်ချုပ် (မွမ်းမံ)သင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ
Nov 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး ကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ် (မွမ်းမံ) သင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယမန်​နေ့ နံနက်ပိုင်းအချိန်က ဖျာပုံ​မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျောက်တလုံးကြီးမြို့တွင် နေအိမ်ခြံဝင်းအတွင်း ဂေါ်ရခါးပင်တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Nov 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ ကျောက်တလုံးကြီးမြို့ရှိ လူနေအိမ်များတွင် ဂေါ်ရခါးပင်များကို စင်ထိုး၍ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိပြီး ယခုအခါတွင် ဂေါ်ရခါးသီးများ အထွက်နှုန်းကောင်းမွန်သည့် အတွက် ခူးယူရောင်ချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှု့စစ်ဆေး
Nov 16,2023
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ခေတ်မီစံပြကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ကသန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ကလေးဝမြို့ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်
Nov 16,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နံရံကပ်စာစောင်များ ပြသခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် မီးဖိုချောင်သုံး ခရမ်းသီးများ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းရရှိ
Nov 16,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာရှိ တောင်သူအချို့သည် ခရမ်းများကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြရာ ယခုအခါ အသီးအပွင့်များ စတင်သီးပွင့်၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။