မိုင်းရယ်မြို့နယ်၌ စားနပ်ရိက္ခာဖူလုံပိုလျှံရေး နွေစပါးပျိုးထောင်ထားရှိမှုအခြေအနေ ကြည့်ရှုစစ်ဆေး
Jan 17,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦစိုးနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်/စီ/အင်း ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီတွင် နားခိုကျေးရွာအုပ်စု ကွင်းအမှတ် ၁၇၊ ဦးပိုင် အမှတ် ၄၊ တောင်သူ ဦးအိုက်ကျော်၏ နွေစပါးပန်းတိုင်စံပြကွက် ၁၀ ဧက ပျိုးထောင်ထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။