ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပညာရေးစုံညီပွဲတော်ကျင်းပ

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၁၆

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

ရှေ့ဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းကအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစောသိန်းဝင်းက ပညာရေးစုံညီပွဲတော် ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ခရိုင်/မြို့နယ် အတွင်းရှိ အခြေခံပညာ မူလတန်း အလယ်တန်း အထက်တန်းကျောင်းများမှ ကာယဉာဏ စွမ်းဆောင်ရည်ထူးချွန်ဂုဏ်ပြုဆုများအသီးသီးရရှိကြသည့် ဆရာဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးစောဖိုးဝါး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ထူးချွန်ဂုဏ်ပြုဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး